Friday 31 January 2014

အွန်လိုင်းတွင်ငွေရှာဖွေခြင်း PTC(Paid To Click) မိတ်ဆက်


PTC ဆိုတာ အလွယ်ပြောရင်တော့ ကလစ်နှိပ်ရင် ပိုက်ဆံပေးမယ်ဆိုတဲ့ သဘောပါ။ 



ကွန်ပြူတာရှေ့မှာ ထိုင်ပြီးတော့ အွန်လိုင်းမှာ ငွေရှာချင်တယ်ဆိုရင် PTC website တွေဟာ ငွေရှာဖို့ အကောင်းဆုံးနေရာတွေပါ။ 







PTC sites တွေက ကုမ္မဏီတွေကနေ လူအယောက် တစ်ထောင်ကြည့်ရင် 5$ ကနေ 10$ အထိ ငွေယူပြီးတော့ ကြော်ငြာတွေကို လက်ခံပါတယ်။ ပြီးတော့ အဲဒီကြော်ငြာတွေကို သူတို့ရဲ့ Site တွေမှာ တင်ပေးပါတယ်။ ပြီးတော့ သူတို့က အဲဒီကြော်ငြာတွေကို ကြည့်မယ့် (ကျွန်တော်တို့လို့ အွန်လိုင်းမှာ ငွေရှာချင်တဲ့) Member တွေကို ရှာပါတယ်။ အဲဒီကြော်ငြာကြည့်မယ့်သူတွေကို ကြော်ငြာတစ်ခုကို 0.001$ ကနေ 0.005$ အထိပေးပြီးတော့ သူတို့တင်ထားတဲ့ ကြော်ငြာတွေကို ကြည့်ခိုင်းပါတယ်။ ကြော်ငြာကြည့်တဲ့သူတွေက သူတို့သတ်မှတ်ထားတဲ့အချိန်(3 စက္ကန့်ကနေ 30 စက္ကန့်) အထိ ကြော်ငြာတွေကို ကြည့်ပေးရပါတယ်။ 



PTC sites တွေရဲ့သဘောက ငွေရှာဖို့အတွက် အရမ်းလွယ်တယ်။ PTC sites တွေမှာ အရင်ဆုံး Register လုပ်လိုက်ပြီး Account လုပ်လိုက်ပြီးတာနဲ့ ကျွန်တော်တို့ ကြည့်ဖို့အတွက် ကြော်ငြာတွေကို နေ့စဉ် ထုတ်ပေးပါတယ်။ အဲဒီကြော်ငြာတွေကို ကလစ်လုပ်ပြီး ကျွန်တော်တို့က သတ်မှတ်ချိန်ပြည့်အောင် ကြည့်ပေးရုံပါပဲ။ ကလစ်လုပ်လို့ ရလာတဲ့ ကြော်ငြာကြည့်ခတွေကို ကျွန်တော်တို့ Account ရဲ့ Main balance ထဲကို ထည့်ပေးထားပါတယ်။



အဲဒါကြောင့် ကြော်ငြာတွေကို ကလစ်လုပ်ပြီး ကြည့်ဖို့အတွက် ကလစ်လုပ်တတ်ရင်ကို အွန်လိုင်းမှာ ငွေရှာလို့ရပါပြီ။



 


No comments:

Post a Comment